.

MY FAMILY RECORD PHOTO

    ငယ်စဉ်အခါ ကထဲက စိတ်ဝင်စားသည့် ပစ္စည်းလေးများ စုဆောင်းသိမ်းဆည်းတတ်သော အလေ့က အခုချိန်အထိ မေ့ဖျောက်မရဘဲ ပြုလုပ်နေဆဲပါ .......

    ၉ နှစ် ၁၀ နှစ်အရွယ် ရှေးဟောင်း ဘီဒိုကြီး ၏ အံဆွဲများအတွင်းမှ ပစ္စည်းလေးများအား

    မကြာခဏ ဆိုသလို မွှေနောက် ရှာဖွေတတ်လို့  အဖေ အဆူကိုလည်း အမြဲဆိုသလို

    ခံခဲ့ရပါတယ် အဖေသိမ်းထားသည့် ပစ္စည်းများ နေရာပျက်နေပါက ကြွက်မွှေ သွားပြီဟု လည်း ပြောတတ်ပါသည် ။

    ဒါပေမဲ့ ကျွန်တော် အမှတ်မထားပဲ ထပ်မံ ပြုလုပ်လေ့စမြဲပါ

    အခုလည်း ရှာဖွေရင်း စုဆောင်းသိမ်းဆည်းထားတဲ့ အဖေ တပ်မတော် ရေတပ်ဘ၀မှ မှတ်တမ်းဓါတ်ပုံများ ၊ တပ်ထဲမှ အမေ့ကို

    ရေးသားပေး ပို့ သော စာအပိုင်းအစကလေးများ ၊ အဖေ _ အမေ တို့  မင်္ဂလာဆောင် ဖိတ်စာ ၊ အကို ဒါရိုက်တာ စန်းအောင် ရဲ့  နံမည်ပေး ကင်ပွန်းတပ် ဖိတ်စာ နဲ့ 

    ဓါတ်ပုံ အရိုက်ခံရဘူးတဲ့ အကို နဲ့  အမ တို့ ရဲ့  ဓါတ်ပုံအချို့  ၊ ကျွန်တော် ငယ်ငယ် က ဓါတ်ပုံတော့ မရှိခဲ့ပါဘူး

    ကျွန်တော်ကို အမေကပြောတယ် ငယ်ငယ်တုန်းကတော့ မင်းကို ဓါတ်ပုံ မရိုက်ဖြစ်ဘူးတဲ့ ဒါကြောင့် မရှိတာပါ

    ဒါပေမဲ့ ကျွန်တော် ၀မ်းသာပါတယ် ဘာလို့ လည်းဆိုတော့ ကျွန်တော်ကို မွေးတဲ့နေ့ ကို အဖေရဲ့ အမှတ်တရ ရေးထားတဲ့ ၁၉၆၆ ခုနှစ်ထုတ် အဖေ့ ဒိုင်ယာရီ စာအုပ်ကို

    ကျွန်တော် သိမ်းထားတာ ရှိခဲ့လို့ ပါ ကျွန်တော်ကို မွေးပြီး (၁၀) ရက်မြောက်နေ့ မှာ မေတ္တာညွန့် ရပ်ကွက်မှာ အိမ်ဝယ်ဖြစ်ခဲ့တဲ့ အကြောင်းလည်း ရေးထားပါတယ်

    ကျွန်တော် ၏ စိတ်ထား ကတော့ . . .

    မကောင်းမှန်းသိလျှက်နဲ့  မဟုတ်မခံ ပြောတတ်တဲ့ အကျင့်ပါ .....

    ပြောချင်ရင် ဟန်မဆောင်တတ်ပဲ သိသွားအောင် ချက်ချင်းပြောချင်တဲ့ ဆန္ဒ က အမြဲဖုံးလွှမ်းနေမိပါတယ်

    ကတိ တည်သူများကိုသာ တွေ့ လိုပါတယ်

    မိမိ အလုပ်အပေါ် အမြဲ သစ္စာရှိ ရိုးသားနေပါတယ် ကျွန်တော့်အပေါ် လည်း အားလုံးကောင်းကြပါတယ်

    ဖြစ်ချင်ရာကို ဖြစ်အောင်လုပ်တတ်ပါတယ် .. ကျွန်တော်က ဆင်းရဲပါတယ် ဒါပေမဲ့ အမိန့် သံနဲ့  ခိုင်းတာမျိုးကို မနှစ်သက်ပါ

    အစိုးရ အလုပ် အနေဖြင့် ဘယ်အလုပ်မှ မလုပ်ဘူးပါ ကုမ္ဗဏီ အနေဖြင့် လက်ရှိလုပ်ကိုင်နေသည့် ကုမ္ဗဏီအလုပ် တစ်ခုတည်းသာ

    လုပ်ကိုင်ဖူးပါကြောင်း . . . အဆင်ပြေတဲ့ အထိ တစ်ခုထဲမှာပဲ လုပ်ကိုင်မှာ ဖြစ်ပါကြောင်း

    ဖြစ်နိုင်ခဲ့ရင်တော့ ကိုယ်ပိုင် အလုပ်ကိုသာ လုပ်ချင်ပါတော့သည် ။



    VisualLightBox - jQuery plugin tutorial
    image 1 image 2 image 3 image 4 image 5 image 6
    image 1 image 2 image 3 image 4 image 5 image 6
    image 1 image 2 image 3 image 4 image 5 image 6
    image 1 image 2 image 3 image 4 image 5 image 6
    image 1 image 2 image 3 image 4 image 5 image 6
    image 1 image 2 image 3 image 4 image 5 image 6
    image 1 image 2 image 3 image 4 image 5 image 6
    image 1 image 2 image 3 image 4 image 5 image 6
    image 1 image 2 image 3 image 4 image 5 image 6

RECORD PHOTO